Print

Sore Thoat (လည်ချောင်းနာခြင်း)

  12-May-2017
Preview Image

အကျဉ်းရှင်းလင်းချက်

လည်ချောင်းနာခြင်းဆိုသည် လည်ချောင်း၊ အာခေါင်၊ အာသီးများမှ နာကျင်ခြင်း၊ ယားယံခြင်းနှင့် အစာမျိုရာတွင် ဆူးရှရှဖြစ်ခြင်းတို့ကို ခေါ်ဝေါ်သည်။ လည်ချောင်းနာခြင်း၏ အဓိကအကြောင်းအရင်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း (၀ါ) တုပ်ကွေးပိုးကူးစက်ခံရခြင်းကြောင့် အများဆုံးဖြစ်သည်။ ထိုသို့ တုပ်ကွေးပိုးကြောင့် ဖြစ်ပါက သူ့အလိုလို ပြန်လည်ကောင်းမွန်သက်သာနိုင်သည်။ Streptoeccol ပိုးကြောင့်ဖြစ်သော လည်ချောင်းနာခြင်းသည် တုပ်ကွေးပိုးကြောင့် လည်ချောင်းနာခြင်းထက် အဖြစ်နည်းသည်။ သို့သော် ထိုပိုးကြောင့် ဖြစ်သော်လည်ချောင်းနာခြင်းကို ကုသရာတွင် ပိုးသတ်ဆေးများ သောက်သုံးမှသာ ရောဂါပျောက်ကင်းနိုင်သည်။


ရောဂါလက္ခဏာများ

လက္ခဏာများသည် ဖြစ်သောနေရာ၊ ဖြစ်သောရောဂါပိုးပေါ် မူတည်၍ ကွဲပြားခြားနားနိုင်သည်။ 

• လည်ချောင်းထဲတွင် နာကျင်ခြင်း / ယားယံခြင်းစသည်တို့ခံစားရခြင်း

• အစားစားခြင်း (သို့) ရေသောက်ခြင်းတို့တွင် နာကျင်မှုခံစားရခြင်း

• အစာနင်ခြင်း

• လည်ပင်းနှင့် မေးရိုးတစ်လျှောက် အကြိတ်အလင်းများကြီးလာခြင်း

• အာသီးနီခြင်း ရောင်ရမ်းခြင်း ပြည်တည်ခြင်း

• အသံဝင်ခြင်း တို့ဖြစ်နိုင်သည်။ 


ထို့အပြင်

• ဖျားခြင်း

• ချောင်းဆိုးခြင်း

• နာစေးခြင်း၊ နာချေခြင်း

• ကိုယ်လက်ကိုယ်ခဲခြင်း

• ခေါင်းကိုက်ခြင်း တို့ကိုလည်းခံစားရနိုင်သည်။


ဖြစ်စေသောအကြောင်းအရင်းများ

• Virus (ဗိုင်းရပ်စ်) ရောဂါပိုးကူးစက်ခံရခြင်း

• ဘက်တီးရီးယားပိုးကူးစက်ခံရခြင်း

• Allergies ဓာတ်မတည့်မှုဖြစ်ပွားခြင်း

• ရေဓာတ်နည်းသောကြောင့် ခြောက်သွေ့ခြင်း

• လေထုမသန့်ရှင်းသောကြောင့် လည်ချောင်းနာခြင်း

• လည်ပင်းကြွက်သားများနာကျင်ခြင်း

• အစာချေရည်များ အစာမျိုလမ်းကြောင်းကိုတိုက်စားခြင်း

• HIV ပိုးကြောင့်ဖြစ်ခြင်း

• အစာရေမျိုပြွန် (သို့) လည်ပင်း၊ အာခေါင်နာတစ်ဝိုက်တွင် ကင်ဆာကျိတ်များဖြစ်ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သည်။ လည်ချောင်းအတွင်း ပြည်တည်နာကြောင့်လည်း ဖြစ်နိုင်ချေရှိသည်။


ဖြစ်နိုင်ခြေများသူများ

• အသက်အရွယ်ငယ်သူများ ဆယ်ကျော်သက်အရွယ်များတွင် ဖြစ်နိုင်သည်။ 

• ဆေးလိပ်၊ ဆေးရွက်ကြီး သောက်သူများ

• ဓာတ်မတည့်ဓာတ်ခံရှိသူများ (Allergies ရှိသူများ)

• လေထုထဲရှိ ဓာတုပစ္စည်းများ၊ မီးခိုးငွေ့များကို နေ့စဉ်ရှုရှိုက်နေရသူများ

• နာခေါင်းလမ်းကြောင်း ခဏခဏပိုးဝင်သူများ (ထိပ်ကပ်နာရှိသူများ)

• လူများသောနေရာများတွင် အလုပ်အမြဲလုပ်နေရသူများ

• ကိုယ်ခံအားဆုတ်လျော့နေသူများ (ဥပမာ အစာအာဟာရချိုု့တဲ့သူများ HIV ပိုးရှိသူများ၊ ဆီးချိုရောဂါရှိသူများ ကင်ဆာဆေးသွင်းနေရသူများ၊ အားနည်းနေသူများတွင်လည်း ဖြစ်နိုင်ချေရှိသည်။


ဆရာဝန်နှင့်ပြသရမည့်အချိန်

• ကလေးတစ်ယောက်ဖြစ်နေပါက အသက်ရှုခက်ခဲလာခြင်း

• အစာမျိုရန်ခက်ခဲလာခြင်း

• လူကြီးဖြစ်ပါက လည်ချောင်းနာသော ကာလတစ်ပတ် (သို့) တစ်ပတ်ထက်ကျော်နေလျှင်


အစာမျိုရခက်ခဲလာခြင်း

• ပါးစပ်အဖွင့်အပိတ်ခက်ခဲလာခြင်း

• နားကိုက်လာခြင်း

• ကိုယ်အပူချိန် 101´F (၁၀၁´F ) ထက်ကျော်လွန်၍ပူလာခြင်း

• ချောင်းဆိုးသွေးပါခြင်း

• လည်ပင်းတွင်အလုံးအကျိတ်များပေါ်ခြင်း

• အသံဝင်သည်မှာနှစ်ပတ်ခန့်ကြာမြင့်လာခြင်း စသည်တို့ပေါ်ပေါက်လာပါက ဆရာဝန်နှင့်သွားရောက်ဆွေးနွေးပြသသင့်သည်။


စစ်ဆေးမှုများ

• လည်ပင်း၊ အာခေါင်၊ အာသီး တို့ကိုကြည့်ရှုခြင်း

• လည်ပင်းတစ်ဝိုက်၊ မေးစေ့တစ်ဝိုက်တို့တွင် အကျိတ်များစမ်းသပ်ခြင်း


ကုသခြင်း

• လည်ချောင်းနာကျင်ခြင်းဝေဒနာအတွက် အကိုက်အခဲပျောက်ဆေး သောက်နိုက်သည်။

• Lozenges ငုံဆေးများကိုလည်း ငုံနိုင်သည်။

• ဆရာဝန်ညွှန်ကြားသော ပိုးသတ်ဆေးများဖြင့်လည်း ကုသနိုင်သည်။


အိမ်တွင်းကုသနည်းများ

• အနားယူပါ

• ရေများများသောက်ပါ

• ပူနွေးသောဖျော်ရည်၊ ရေနွေးတို့ကိုသောက်ပါ

• ဆားရေဖြင့် အာလုပ်ကျင်းပါ

• Lozenges ငုံဆေး ငုံပါ။

• ချိုသော အစားအစာများ၊ ရေခဲများကိုရှောင်ပါ


ကာကွယ်ခြင်း

• လက်ကိုစနစ်တကျ အချိန်မှန်စွာဆေးကြောပါ

• ချောင်းဆိုးနာချေလျှင် လက်ကိုင်ပဝါဖြင့်အုပ်ပါ။

• လက်သန့်ဆေးရည်သုံးပါ။ 

• ဖျားနာသော လူများနှင့် သတိထား၍ ထိတွေ့ဆက်ဆံပါ။


Ref: Mayo clinic


Related Articles


Advertisment 18